နောင်ချို ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်စင်တာများရှိ ပိုးတွေ့လူနာများအသုံးပြုရန် အောက်ဆီဂျင်အိုး ၄၀လီတာဆန့် ၊ အလုံးရေး(၈၀) ထပ်မံရောက်ရှိ လာကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
အဆိုပါ အောက်ဆီဂျင်များကို နမ့်ခမ်းမြို့နယ်၌ သွားရောက်ဖြည့်သွင်းရခြင်းဖြစ်ပြီး နောင်ချိုမြို့မှ ပရဟိတလူငယ်များမှ လမ်းခရီးသွားလာခြင်း၊ အောက်ဆီဂျင်စောင့်ဆိုင်း ရခြင်းတို့ဖြင့် ၆ ရက်တာ ကြာမြှင့်ပြီးမှ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
အောက်ဆီဂျင်သွားရောက်ဖြည့်သွင်းရန် လိုအပ်သောငွေများကို ဖြူစင်မေတ္တာပရဟိတ အသင်း နှင့် စေတနာမွန်ပရဟိတအသင်းများသို့ အလှူရှင်များမှ လှူဒါန်းထားသော အလှူငွေများဖြင့် သုံးစွဲခဲ့ပြီး လမ်းခရီးစားစရိတ်ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးကာကိုဝင်းနိုင် မိသားစုမှမော်တော် ယာဉ်ကူညီ၍အသုံးပြုခဲ့ကြောင်း၊ နောင်ချိုမြို့ ပရဟိတအသင်းများသည် မိမိတို့ကိုယ်ကျိုးမဖက်ကဲ ကိုဗစ်-၁၉ရောဂါခံစားနေရသူများ အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင် ရေးအတွက် စွမ်းစွမ်းတမံဆောင် ရွက်ပေးလျက်ရှိကြောင်း၊ နောင်ချိုမြို့နယ်နှင့်ရပ်နီး၊ ရပ်ဝေးမှအ လှူရှင်များကလည်း အဆိုပါ အသင်းများ၏လုပ်ငန်း ဆောင်ရွက်ချက်များအတွက် စဉ်ဆက်မ ပြတ် လှူဒါန်းပေးလျက်ရှိကြောင်း ၊ မြို့နယ်၏သာရေး၊ နာရေးကိစ္စရပ်များအတွက် မရှိမဖြစ်လို အပ်သော အသင်းများဖြစ်ကြောင်း သိရသည်။
ထွေးငယ်