ဒေးဒရဲမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတွင် အသုံးပြုရန် 200KVA Transform စက်အားတပ်ဆင် လျက်ရှိ

ဒေးဒရဲ ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အများပြည်သူများ၏ စုပေါင်း လှူဒါန်းမှုဖြင့် တည်ဆောက်မည့် အောက်ဆီဂျင်စက်ရုံတွင် အသုံးပြုရန် (200KVA Transform) စက်အား ယမန် နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်လျှပ်စစ်ဝန်ထမ်းများမှ တပ်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအား ဒေးဒရဲမြို့နယ် သာသနာ့ဗိမာန်ဝန်းအတွင်းတွင် အများ ပြည်သူ မတည်လှူဒါန်းငွေများဖြင့် စက်ရုံတည်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း