Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မော်လိုက်မြို့၌ ကျင်းပ
Aug 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ် ရွက်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သာသနာရေးဆိုင်ရာ လျှောက်ထားလွှာအား ဖတ်ကြားလျှောက်ထားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈၂ ဦး နမ့်စန်မြို့မှဖြတ်သန်း၍ နေရပ်အသီးသီးသို့ ဆက်လက်ထွက်ခွာ
Aug 12,2021
လာအိုနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြပြီးအကြောင်းအမျိုးမျိုးကြောင့် နေရပ်အသီးသီးသို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် သို့ ယမန်နေ့ ညနေ ၄ နာရီ ၅၀မိနစ်အချိန်တွင် ရောက်ရှိခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၌ အောက်ဆီဂျင် စက်ရုံ စတင်တည်ဆောက်
Aug 12,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက်အောက်ဆီဂျင်လိုအပ်ချက်အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် မှုဖြင့်မြို့သစ်မြို့နယ် ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဌာနဆိုင်ဆိုင်ရာများ ပူးပေါင်း၍ ယနေ နံနက်ပိုင်းက မြို့သစ်မြို့နယ် ပုလင်းကျေးရွာအနီးရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် စတင်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စည်ပင်သာယာမြို့မဈေးတွင် ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ရောင်းချရန် နှိုးဆော် ဆောင်ရွက်
Aug 12,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ဈေးရောင်းချရန် အသိပေးနှိုးဆော်ခြင်းကို မြို့နယ်စည်ပင်သာယာဈေးအဖွဲ့မှ ယနေ့နံနက်က စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်းချသူများထံ သွားရောက် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့ရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ မရှိနှင့် ဈေးနှုန်းကြီးမြင့် ရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး
Aug 12,2021
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဆေးဆိုင်များ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိနှင့် ဈေးနှုန်းကြီးမြင့်ရောင်းချမှုရှိ မရှိကို ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့က ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ ရပ်ကွက်များ အတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းကြည့်ရ…
Aug 12,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နှစ်စဉ်မိုးရာသီရောက်တိုင်း မြစ်ကြီးနား မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြှုပ်ခြင်းဖြစ်ပေါ်ခဲ့ရာ အဆိုပါ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေး သြဂုတ် ၁၀ ရက် ညနေ ၅ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ဆေးရုံများသို့ အလှူငွေများလှူဒါန်း
Aug 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ၊ နောင်တရားတိုက်နယ်ဆေးရုံနှင့် တီကျစ်တိုက်နယ်ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် ထိုင်းနိုင်ငံ Mr,Thanakit နှင့် နန်းဟောင်းအုပ်စု၊ ဘန်ကွဲ့ကျေးရွာ ခွန်ပေါက်စီမိသားစု၏ အစေ့ထုတ်ပြောင်း နဂါးတံဆိပ် SD-5059-5089-5058 အုန်းအုန်းနိုင်ကုမ္ပဏီမှ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်၌ Stay at Home ကာလအတွင်း သတ်မှတ်စည်းကမ်းလိုက်နာမှုရှိစေရေး ဆောင်ရွက်
Aug 12,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်နှင့် မြို့တွင်း၌ ပိုးသတ်ဆေးဖြန်းခြင်းနှင့် နေ့လယ်ပိုင်းတွင် Stay at Home ကာလအတွင်း သတ်မှတ် စည်းကမ်း လိုက်နာခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25780
Page
25781
Page
25782
Page
25783
Current page
25784
Page
25785
Page
25786
Page
25787
Page
25788
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department