ကျောက်ထု သြဂုတ် ၁၁
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထု မြို့ရှိ ရှမ်းတောင်ထိပ် ရန်ကင်းတောင် စေတီတော် အနီး၌ အောက်ဆီဂျင် စက်ရုံဆာက်လုပ်ရန် ယမန်နေ့ နံနက် ၉ နာရီက ပန္နက်တင်မင်္ဂလာပြုလုပ်ခဲ့သည်။
အဆောက်အအုံကို မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုမတည်ရန်ပုံငွေကို မတည်လျက် စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် အလျားပေ(၃၀) အနံပေ (၂၀) အမြင့် (၁၂)ပေ သံချီ ၊ သံကွေးအသုံးပြုကာ ကွန်ကရစ်ခင်းခြင်းနှင့် အုတ်ညှပ်၊သွပ်မိုးဖြင့် ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ပန္နက်တင်မင်္ဂလာတွင် ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦး၊ ကျောက်ထုမြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းမှ ရဲအုပ်ဝင်းမင်းထွန်း ၊ ကျောက်ထုမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင် နှင့် ကျောက်ထုမြို့ ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးစိုးမင်းတို့က ပန္နက်တင်ပေးကြသည်။
ဆောက်လုပ်ရာတွင် အရည်သွေးပြည့်မီစွာဖြင့် ဆောက်လုပ်သွားရန် စီစဉ်ထားရာ စေတနာရှင်များသည် အလှူငွေနှင့် ဆက်စပ်ပစ္စည်းများကို အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေး ကော်မတီ၊ ဆောမြို့ ဖုန်း ၀၉၂၅၀၃၄၈၀၈၅ သို့ ဆက်သွယ် ပါဝင်လှူဒါန်းနိုင်ကြကြောင်း သိရသည်။
မောဟေမာန်