နမ့်စန်(တ) ဩဂုတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာခြင်း မရှိစေရန်နှင့်ထိန်းချုပ်ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး/သတိပေး နှိုးဆော်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဝမ်ပုံကျေးရွာအုပ်စု ရှိကျေးရွာများနှင့် အမှတ်(၄)ရပ်ကွက် တို့တွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အသိပေးနှိုးဆော်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ကုသထိန်းချုပ်ရေး လုပ်ငန်း ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်ဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ ဝင်များ ၊ အမှတ်(၄)ရပ်ကွက်နှင့် ဝမ်ပုံကျေးရွာအုပ်စုတို့မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ ၊ ကျေးရွာတာဝန်ခံများ က ဝမ်ပုံကျေးရွာအုပ်စု ရှိ ကျေးရွာများ နှင့် အမှတ်(၄)ရပ်ကွက် အတွင်းလှည့်လည်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များ ၊ မြို့နယ်မှထပ်ဆင့်ညွှန်ကြားချက်များနှင့် ကိုဗစ် ကပ်ရောဂါ ကူးစက် ပျံ့ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ် နိုင်ရေးအတွက် ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား မိဘ ပြည်သူများက ကိုယ်စီလိုက်နာကြပြီးပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရေး ၊Mask မတပ်ဆင်ဘဲသွားလာနေသူများကို စစ်ဆေးအရေးယူမည့် ကိစ္စရပ်များအား အသိပေးခြင်း၊စသည်တို့ကို အသံချဲ့စက်ဖြင့် အသိပေး တိုက်တွန်း နှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်