အမြို့မြို့အနယ်နယ်သတင်းများ

Aug 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင်  ပြည်သူများ Mask တပ်ဆင်သွားလာမှုနှင့် ပြင်ပ သွားလာခွင့်ကတ်များ အသုံးပြုမှု ရှိ/မရှိ စစ်ဆေးခြင်းကို မြို့ဝင်စစ်ဆေးရေးဂိတ်၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စုရှိ သင်္ကန်း-ဆင်မှုံ ကျေးရွာ ချင်းဆက် ယာယီသစ်သားတံတား ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ငွေကျပ်တစ်ဆယ်သိန်း ငါးသောင်းတိတိကို တပ်မတော်ရေ အရာရှိစစ်သည်များ ကိုယ်စားပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး ကျော်သူမျိုးက ပေးအပ်လှူဒါန်းခဲ့ရာ ငရုတ်ကောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ငရုတ်ကောင်း မြို့ အ.ထ.က) ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့ကြပါသည်။
Aug 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်ကကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။
Aug 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲ ဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Aug 12,2021
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် သံသယလူနာ (၈)ဦး ကိုစစ်ဆေးခဲ့ရာ သံသယလူနာ(၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း သိရသည်။
Aug 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ ပြည်သူများက စုပေါင်းပြီး ကြက်ခြေနီအသင်းခွဲ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သို့ အောက်ဆီဂျင်အိုးများကို ယမန်နေ့နံနက် ၁၁ နာရီက လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။