ပန်းတောင်း စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ညနေ့ပိုင်းက ပန်းတောင်းမြို့နယ် သူရဲတန်းချောင်း အတွင်း မြေကမ်းပါးပြိုမှုနှင့်ဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွတ်မှာကြား၍ လုပ်ငန်းအမြန်ပြီးစီးအောင် ဆောင်ရွက် ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥသျှစ်ပင် မြို့ရတနာပုံရပ်ကွက် ပြည်-တောင်ကုတ်ကားလမ်းရှိ ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ မြို့နယ်အခြေအနေနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းလျော့ကျအောင် စနစ်တကျ ဆောင်ရွက်ကြရန် ၊ဧရာဝတီမြစ်ရေမြင့် တတ်နေသည့်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ကယ်ဆယ်ရေးစခန်းများစနစ်တကျ ကြိုတင် ဆောင်ရွက်ထားရှိရန် မြို့ရွာဖွံ့ဖြိုးတိုးတတ်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တို့အား လမ်းညွှန်မှာကြားခဲ့ပြီး ပရဟိတ အသင်းအဖွဲ့များအားPPE ဝတ်စုံ (၂၀၀)စုံ အားလှူဒါန်းခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံဝန်းအတွင်းအောက်ဆီဂျင် စက်ရုံအဆောက်အဦး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ သန်းထိုက်စိုးမှ အဆောက်အဦး ဆောက်လုပ်နေ မှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ မြို့နယ် ကျန်းမာရေးဦးစီးဌာနအတွက် ၄၀ လီတာ ဆုံအောက်ဆီဂျင်အိုး(၁၅)လုံး၊ Flowmeter(၂၀)ခု ၊ Airset (၁)လုံး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၈)သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ဆရာဝန်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
သင်းသင်းအေး