ပလောက်မြို့၌ စက်တင်ဘာလ(၂)ရက်နေ့မှစ၍ ဒုတိယကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင် ထိုးနှံပေးသွားမည်

ပလောက် စက်တင်ဘာ ၁

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာလ (၂)ရက်နေ့မှစ၍ ဒုတိယကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပလောက်မြို့၊  အမှတ်(၁)(၂)(၃)(၄) မြို့ပေါ် ရပ်ကွက်များမှ အသက်(၆၅) နှစ်နှင့် အထက်ရှိ အဘိုးအဘွားများကို ပလောက်မြို့   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမတွင် စက်တင်ဘာလ(၂)ရက်နေ့ နံနက်  (၈)နာရီမှ စ ၍  ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

နှင်းမြူလွင်