ထီးခီးနယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ဆက်လက်ဝင်ရောက်

မေတ္တာ  စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီ နယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက်လာကြောင်း သိရသည်။

 

အဆိုပါ အလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရသူများ ဖြစ်ပြီး ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း  ဩဂုတ်လ၃၁ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနာ ဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒုတိယပြည်နယ်မှူး  Mr-Sucha Sannam က ထီးခီး နယ်စပ် ကုန်သွယ်ရေး စခန်းတွင်လာရောက် လွှဲပြောင်းပေးရာ တာဝန်ရှိသူများက ကိုဗစ်-၁၉-ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်လက်ခံခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက ပြောကြားခဲ့သည်။

 

အဆိုပါ ဝင်ရောက်လာသူများသည် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၈ဦး၊ စုစုပေါင်း၅၄ဦးတို့ဖြစ်ပြီး ရာသီဥတုအခြေအနေအရ မေတ္တာမြို့ မိုးလုံလေလုံခန်းမ၌ တစ်ညအိပ်ရပ်နားစေပြီး စက်တင်ဘာလ ၁ ရက် နေ့တွင် ထားဝယ်မြို့ Quarantine Centre သို့ဆက်လက်ပို့ဆောင်ပြီး အသွားအလာ ကန့်သတ် ထားရှိ သွားမည် ဖြစ်ကြောင်းသိရသည်။

 

မေတ္တာ (ပြန်/ဆက်)