ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပေါင်းတည်မြို့နယ်ရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက်ဖြန့်ချိရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစ်ဆေး

ပေါင်းတည် စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါင်းတည်မြို့၊ ပျဉ်ပုံအုပ်စု၊ နတ်မှော်ရွာရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချိရေးလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းကြက်‌မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်သူ ဦးညွန့်ဝင်းနှင့် တွေ့ဆုံ၍ တိုင်းရင်းကြက်မွေးမြူထားသော ကြက်ခြံများနှင့် ကြက်သားဖောက်ခြင်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး ကြက်ခြံနှင့်ရာသီဥတုအခြေအနေ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းများ၊ ကြက်များ၏ အစာကျွေးနှုန်းထားများ၊ ခြံနှင့်ပတ်ဝန်းကျင် အမြဲသန့်ရှင်းအောင် ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

ချစ်နှင်းသုန်