သာကေတမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

သာကေတ စက်တင်ဘာ  ၁

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ် အတွင်းရှိ ၃/ရန်ပြေရပ်ကွက်၊ ဗုဒ္ဓဝေယာဝစ္စဓမ္မာရုံ၊ ၁၀/ တောင် ရပ်ကွက်၊ (၁၀၈)တောင်ဘုရားဝင်း၊ ၁/ထူပါရုံ ရပ်ကွက်၊ အ-ထ-က(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ ၇/အနောက်ရပ်ကွက်၊ အ-ထ-က(၂) အခြေခံပညာ အထက် တန်း ကျောင်းစသည့် စုရပ်(၄)နေရာ၌ ယ‌နေ့နံနက် (၉) နာရီမှ ညနေ(၃)ထိ စတင် ထိုးနှံပေးခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းသည် အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိက ပညာရေးဝန်ထမ်းများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့နှင့် မိသားစုဝင်များ စုစုပေါင်း (၇၉၉)ဦးအား ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံခြင်းဖြစ်သည်။

 

ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို သာကေတမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်မှ စီမံကြီးကြပ်ပြီးမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

ဆောင်းနှင်းဖြူ (ပြန်/ဆက်)