ချမ်းအေးသာစံမြို့နယ်တွင် ရွေ့လျားကိုဗစ်-၁၉ရောဂါစစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေး

မန္တလေး စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ချမ်းအေးသာစံမြို့နယ်တွင် ရွေ့လျားကိုဗစ်-၁၉ရောဂါစစ်ဆေးရေး အဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၇ နာရီမှ နံနက် ၉နာရီအထိ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်း လူစည်ကားရာ ဈေးဖြစ်သည့် ရတနာပုံဈေးတွင် ပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေးရာတွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလင်းလင်းချစ်နှင့် ကျန်းမာရေးဝန်ထမ်းများက ရတနာပုံဈေးရှိ ဈေးသူ/ဈေးသားများနှင့် လမ်းသွားလမ်းလာပြည်သူများ စုစုပေါင်း ၃၈ ဦးအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေး ပေးကြသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးပေးရာနေရာတွင် ကြက်ခြေနီအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။ 

ထိပ်ထားနိုင်