မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလိုက်နာဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း

မိုးညို           စက်တင်ဘာ          ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး နှိုးဆော်ခြင်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်၈နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိကျေးရွာအုပ်စု၊ ကျေးရွာများတွင်းလိုက်လံ၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှရှောင်ကြဉ်  ပါ လက်ကိုစင်ကြယ်အောင် မကြာခဏနစ်တကျဆေးကြောပါ၊ နှာချေချောင်းဆိုးသည့်အခါတိုင်း နှာခေါင်း ပါးစပ် တို့ကို လုံခြုံအောင်ဖုံးအုပ်ပါ၊ လူထူထပ်သည့်နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သမျှရှောင် ကြဉ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း (Mask) ကိုမဖြစ်မနေ စနစ်တကျတပ်ဆင်သွားလာကြရန်၊ ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်သည့်ထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ရန်၊ တစ်ဦးကိုတစ်ဦးအသိပေးခြင်း၊ သတိပေးခြင်းများဖြင့် လိုက်နာဆောင်ရွက်သွားကြရန်နှင့် မိုးညိုမြို့နယ် အနေဖြင့် ယမန်နေ့ထိပိုးတွေ့အတည်ပြုလူနာ (၁၄၄၂)ဦး ၊ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရ သူ(၁၁၅၉)ဦး ၊ သေဆုံးသူ) (၄၅)ဦး ထိရှိပြီး မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များ အတိုင်းအသိသတိဖြင့်လိုက်နာနေထိုင်သွားလာကြပါရန်နှိုးဆော်ပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြေညာပေးခြင်း၊ ဆောင်းဘောက်ဖွင့်၍ အသိပညာပေးခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာလင်း ( မိုးညို)