မော်လမြိုင်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး အဋ္ဌမမြောက်နေ့ ဆက်လက် ထိုးနှံပေး

မော်လမြိုင်        စက်တင်ဘာ      ၃

မွန်ပြည်နယ်၊  မော်လမြိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ကို  ဒုတိယ အကြိမ် သြဂုတ်၂၇ရက်မှစတင်ထိုးနှံပေးခဲ့ပြီး ယနေ့နံနက်၉နာရီက အဋ္ဌမမြောက်နေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့နည်းကျဆင်းပြီး ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက်   ခရိုင်နှင့်  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအဖွဲ့ဝင်များပူးပေါင်း၍  ဆေးထိုးစုရပ် ၆  နေရာတို့၌  နေ့စဉ် သတ်မှတ်ဦး ရေအလိုက်   ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ၂ရက်နေ့တွင် သံဃာတော်နှင့် သာသနာ့နွယ်ဝင် သီလရှင် ၁၆ဦး၊ အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွား၄၀၀ဦး၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း၁၁၄ဦး၊ နိုင်ငံ့ဝန်ထမ်း၉၉ဦး၊ပုဂ္ဂလိကဘဏ်ဝန်ထမ်း၁၀ဦး၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံဝန်ထမ်း၂၅၄ဦး၊ ဟိုတယ်/မိုတယ်/တည်းခိုတန်း၅၆ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်း၅၁ဦး၊စျေးရောင်းသူ ၂၈၂ ဦး၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့၁၁၂ဦး စုစုပေါင်း ၁၃၉၄ဦး တို့ အားကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်သည်။

ဆက်လက်၍ ကျန်ရှိသည့်ဦးစားပေးအုပ်စုအလိုက်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်နှင့်အညီ  စက်တင်ဘာ၅ ရက်နေ့ထိ  ထိုးနှံပေးသွား မည်ဖြစ် ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)