ကရသူရိ စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ပြည်သူ့ဆေးရုံး၌ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုးနှံပေးရာတွင် Sinopharm ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသူများ၊ ဦးစားပေးအဆင့်လိုက် ပြည်သူများနှင့် စျေးရောင်းချသူများ၊ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများကို ထိုးနှံပေးခြင်းဖြစ်ပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် နေကြောင်း သိရသည်။
အဆိုပါ ထိုးနှံပေးလျက်ရှိသည့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ကရသူရိမြို့တွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ (၇၉)လုံး ရရှိထားကာ လူ(၁၉၉)ဦးအား ထုံးနှံပေးရမည်ဖြစ်ကြောင်း၊ စက်တင်ဘာလ ၂ရက်နေ့တွင် လူ(၇၆)ဦးကို ထိုးနှံပေးခဲ့ပြီး ယနေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)