ချောင်းဆုံတွင် (၇)ရက်အတွင်း ကိုဗစ်−၁၉ကာကွယ်ဆေးဒုတိယအကြိမ် (၄၆၂၀)ဦးအားထိုးနှံပေးခဲ့

 

ချောင်းဆုံ စက်တင်ဘာ ၃

 

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်နှင့်အညီ စုရပ်()နေရာတွင် စက်တင်ဘာ၂ရက်နေ့အထိ ပြည်သူ(၄၆၂၀)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယနေ့နံနက်တွင်လည်း ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်အတွင်းရှိ ကာကွယ်ဆေး စုရပ်()နေရာဖြစ်သည့် ချောင်းဆုံ(..က)၊ မုရစ်ကလေး ()မူလွန်၊ ရွာလွတ်(..က)ကလွီ(..က)၊ ကညှော်(..က)ကျောင်းတို့တွင် စေတနာ့ ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံမည့်သူများအား ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ကူညီစောင့်ရှောက်မှုများပေးခဲ့ကြောင်းနှင့် ဩဂုတ်(၂၇)ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့အထိ အသက်(၆၅)နှစ်နှင့်အထက် အဖိုးအဘွား၊ရဟန်းသံဃာ၊ သီလရှင်နှင့် ဦးစားပေးအုပ်စု အလိုက်အကျုံးဝင်သူစုစုပေါင်း (၄၆၂၀)ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)