စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအကြိမ်တတိယနေ့ ဆက်လက် ထိုးနှံပေး

စလင်း၊ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စလင်းမြို့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်း မဆောင်၌ ယနေ့ နံနက် ၈ နာရီအချိန်က ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် တတိယနေ့အဖြစ် ကျန်းမာရေးဦးစီးဌာ ဝန်ထမ်းများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော Sinopharm ဆေးအမျိုးအစားဖြစ်ပြီး ဆေးအလုံးရေ ၂၁၀၀လုံးကို စလင်းမြို့နယ်အတွက် ရရှိခဲ့ပြီး ဆေးတစ်လုံးကို လူငါးဦးအား ထိုးနှံပေးနိုင်သည့် ဆေးအမျိုးအစားဖြစ်သည်။ ယနေ့နံနက်ပိုင်း အချိန်ထိ လူဦးရေ(၅၈၂)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ မှတ်တမ်းရေးသွင်းခြင်းနှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ဒုတိယအကြိမ် တတိယနေ့အဖြစ် ကာကွယ်ဆေး ထိုးပေးခြင်းကို နံနက်ပိုင်းနှင့် နေလည်ပိုင်းခွဲ၍ ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

         

မောင်လွင်(စလင်း)