မြေပုံ စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြေပုံမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီက သတ်မှတ်စုရပ်များ၌ ဆက်လက်ထိုးနှံလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဦးလမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တိုက်ပွဲရှောင် စခန်းတာဝန်ခံများ ပူးပေါင်း၍ တိုက်ပွဲရှောင်စခန်းများဖြစ်သည့် ပေါက်တူးတောင်၊ ရေရှင်၊ ကျီးခေါင်းတောင် တိုက်ပွဲရှောင်စခန်းများ၌ ကာကွယ်ဆေးSinova ထိုးနှံခြင်းကို အသက်(၁၈နှစ်)မှ (၆၅)နှစ်အတွင်း တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အား ဆက်လက်ထိုးနှံလျက်ရှိသည်။
တင်ဝင်း