မြို့နယ် မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်

မြောက်ဦး  စက်တင်ဘာ ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေကြီးခြင်းဘေး၊ မြေကမ်းပါးပြိုကျခြင်းနှင့်အခြားသောသဘာဝဘေး စသော ဘေးအန္တရာယ်များကြုံတွေ့ လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံရှေ့ကွင်းပြင်၌ခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်းကာ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဇတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြောက်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစန်းလွင်ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် အရေးပေါ်ရှာဖွယ်ရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးကြောင့် ပျက်စီး အဆောက်အဦးများရှိ လူနာများအား ရှာဖွေကယ်ဆယ်ခြင်း၊ အပျက်အစီးများအား ဖယ်ရှားရှင်း လင်းခြင်းများအား ဇာတ်တိုက်လေ့ကျင့်ကြပြီးနောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များကြောင့် အပြင်းအထန်ဒဏ်ရာရလူနာများကို ရှေးဦး သူနာပြု စုနည်းများဖြင့် အရေးပေါ်ဆေးကုသမှုများအား ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)