ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ကျောင်းကုန်း စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အ.ထ.က(၁) ကျောင်းဝန်း စာကြည့်တိုက်၌ ယနေ့နံနက် ၈ နာရီအချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ‌သည်။ ကျောင်းကုန်းမြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.ကဒေါင့်ကြီး၊ ဝက်ချောင်း ဘုန်းကြီးကျောင်းနှင့် အ.ထ.ကချောင်ကြီး စသည့်စုရပ်(၅)နေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိရာ စုစုပေါင်း(၈၀၀၀)ကျော် ထိုးနှံပေးခဲ့ပြီးယခု ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

ကျောင်းကုန်းမြို့နယ် တတိယလှိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၆၈၉)ဦး၊ ဆေးရုံတက်ရောက် ကုသဆဲ လူနာ(၅၉)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၅၄၆)ဦးနှင့် သေဆုံးသူ(၈၄)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)