မြောက်ဦး စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အို အဘိုး/အဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမရှိ သတ်မှတ်ထားသောနေရာ၌ ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိလည်းကောင်း နေ့လယ် ၁ နာရီမှ ၅ နာရီအချိန်အထိ နှစ်ပိုင်းခွဲကာ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ ဖြစ်သည့် သရက်တောကျေးရွာ၊ မောင်းဆွဲကျေးရွာ၊ နဒင်ကျေးရွာစသော ကျေးရွာများမှ အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အို အဘိုး/အဘွားများ၊ ကျေးလက်နေပြည်သူများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက (Sinopharm) ကာကွယ်ဆေးအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။ ထိုနောက် ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာ သော ကျေးလက်ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေအထား ရောက်ရှိမှသာ (Sinopharm) ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံပြီး သူများအား မိနစ် ၃၀ ခန့်အနားယူစေခြင်းများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းအဖြစ် ပြည်သူစုစုပေါင်း (၁၅၄၅) ဦးအား ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)