ကန်ကြီးထောင့် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ သာသနာ့ အနွယ်ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ စသည့် ဦးတည်အုပ်စု (၁၂) ခုတို့မှ (ပထမ) အကြိမ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၂၂ ရက်မှစတင်၍ ထိုးနှံပေးလျက်ရှိရာ စင်တင်ဘာလ ၃ ရက်နေ့က ဆေးထိုးစုရပ်(၃)ခုခွဲ၍ တစ်ပြိုင်တည်းဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရီရီခင် ကြီးကြပ်၍ ဘဲဂရက် အ.ထ.က ဆေးထိုးစုရပ်၊ မြင်းကဆိပ် အ.ထ.ကနှင့် မူလွန် မိချောင်း တရာ စုရပ်များတွင် အသက် (၆၅)နှစ်အထက် ဘိုးဘွားများနှင့် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဆေးထိုးစုရပ်(၃)ခုတွင် သြဂုတ်လ ၆ ရက်က (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးအား တပြိုင်နက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။ ကန်ကြီးထောင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအသီးသီးမှ ဦးတည်အုပ်စု(၁၂)ခုအား ဦးစားပေး အစီအစဉ်အတိုင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မဇင်(ရွှေကန်မြေ)