စစ်တွေ စက်တင်ဘာ ၃
စစ်တွေမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ရဟန်းသံ ဃာများ၊ သာသနာ့နွယ်ဝင်မယ်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း( Volunteers)များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြသော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်းဖြစ်ပြီး ဆေးထိုးနှံပြီးနောက်တွင်လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွင့်ပြု ကြောင်းသိရ သည်။
စစ်တွေမြို့တွင် ကာကွယ်ဆေးထိုးနှံခြင်းကို စစ်တွေမြို့အမှတ်(၂) အခြေခံပညာအထက်ကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ စစ်တွေတက္ကသိုလ်(အားကစားရုံ)၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခိုင်သဇင်ပန်းခြံခန်းမ၊ ဦးဥတ္တမခန်းမ၊ သင်းပုန်းတန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ကျောက်တန်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ဝါဘိုတိုက်နယ်ဆေးရုံ တို့တွင် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဌာနဝန်ထမ်းများက မိမိတို့ တာဝန်ကျရာစုရပ်များသို့ သွားရောက်၍ လိုအပ်သည်များကိုကြီးကြပ်ဆောင်ရွက်ပေးကြကာ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအဆင်ပြေစေရန်အတွက် လိုအပ်သည့်ကိစ္စရပ်များကို ကျန်းမာရေးဝန် ထမ်းများနှင့်အတူ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)