သီပေါ စက်တင်ဘာ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ အား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က မြို့တော်ခန်းမ ဆေးထိုးစုရပ်နေရာတွင် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ယခု ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့နံနက်ပိုင်း က လူဦးရေ (၄၆၉)ဦး ကိုထိုးနှံပေးခဲ့ပြီး၊ မွန်းလွှဲပိုင်းတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင်မြို့ပေါ်စုရပ်နေရာ၌ ဩဂုတ်လ(၂၈)ရက်နေ့မှ စက်တင်ဘာလ(၄)ရက်နေ့ နံနက်ပိုင်း အထိ လူဦးရေ(၁၅၁၀)ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ပြည်သူများကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက်မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
ခင်လေး(ပြန်/ဆက်)