ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံ နေမှုအားကိုဗစ် ကော်မတီဝင်များလိုက်လံကြည့်ရှုအား ပေး

ရွှေပြည်သာ     စက်တင်ဘာ   ၅

 

ရန်ကုန်တိုင်း ဒေသကြီး၊  မြောက်ပိုင်းခရိုင်၊  ရွှေပြည်သာမြို့နယ်တွင်  ရပ်ကွက်၊ ကျေးရွာများ   အလိုက် ဦးစားပေးအုပ်စုများကို  သြဂုတ်လ ၁ ရက် နေ့မှစ၍  ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ  ယခုအခါ  သတ်မှတ်ရက် ပြည့်မြောက်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေး ရွာများရှိ ပထမအကြိမ်ကာကွယ် ဆေးထိုးနှံသည့်သတ်မှတ် နေရာများတွင် ယမန်နေ့နံနက် ၉ နာရီမှ    စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်မြတ်မြတ်နှင်း၏ အနီးကပ်ကြီး ကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိရာ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ကြက် ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက ကာကွယ် ဆေးထိုးနှံရန်လာရောက်ကြသည့် ဘိုး/ဘွားများအား သတ်မှတ်နေ ရာများ သို့ လိုက်ပါပို့ဆောင်ပေးခြင်း၊  လိုအပ်သည့်ကူညီမှုများဆောင် ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေး သွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင် တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး  ပုံမှန်အခြေအနေ ရှိသူများသာ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးမြင့်ဦး နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ များမှ အုပ်ချုပ်ရေးမှူးများက လာရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားပြီး ပထမအကြိမ် ကာကွယ် ဆေးထိုးနှံပြီးသူများကိုလည်း စာရင်းကျန်ရှိမှုမရှိ စေရေးနှင့်လိုအပ်သည့် ကူညီမှုများ ဆောင်ရွက် ပေးကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

 

ရွှေပြည်သာမြို့နယ်၌ ဒုတိယအကြိမ်ကိုဗစ်ကာကွယ်ဆေးများကို စက်တင်ဘာလ (၃)ရက် နေ့အထိ သက်ကြီး ဘိုးဘွား( ၁၇၁၁ )ဦး၊ သံဃာတော်၊ သီလရှင်(၃)ဦး၊ နိုင်ငံ့ဝန်ထမ်း(၂)ဦး၊နိုင်ငံ့ဝန်ထမ်းမိသားစု (၁၅)ဦး၊ အစိုးရ/ပုဂ္ဂလိက(၂ )ဦး၊ Volunteer/ ပရဟိတ(၂၀၈)ဦးရှိပြီဖြစ်၍ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၁၉၄၁)ဦးဖြစ်ပြီး ကျန်ရှိနေသောရပ်ကွက်၊ ကျေးရွာ များမှ ကာကွယ်ဆေး မထိုးနှံရသူများကိုလည်း  ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ထံမှသိရသည်။

 

မြို့နယ်( ပြန်/ဆက်)