မုဒုံ စက်တင်ဘာ ၆
မွန်ပြည်နယ် မုဒုံမြို့နယ်၌ နိုင်ငံတော်မှ မြို့နယ်အတွက်ရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ရဟန်း၊ သံဃာတော်များ၊အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အပါအဝင် မြို့နေပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ အထိ ၉၁၆၀ ဦးအား ကာကွယ်ဆေးနှစ်ကြိမ်စီ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများတို့က ရဟန်းသံဃာ ၄၀၃ပါး၊ အသက်၆၅နှစ်နှင့် အထက်သက်ကြီးရွယ်အို ၂၈၉၄ ဦး၊ အစိုးရ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း ၂၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃၃၈ ဦး၊ ဘဏ်ဝန်ထမ်း ၂၁ ဦး၊ စက်ရုံအလုပ်ရုံဝန်ထမ်း ၁၄၈ ဦး၊ ဟိုတယ်မိုတယ် တည်းခိုခန်းဝန်ထမ်း ရှစ်ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်း ၂၆၆ ဦး၊ စျေးသည် ၃၄၉၀ ဦးနှင့် လူမှုကူညီရေးအဖွဲ့များမှ ၁၅၆၇ ဦး တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)