ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကျောက်ပန်းတောင်း စက်တင်ဘာ ၆

မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို၊ ယမန်နေ့ နံနက်(၈)နာရီမှ စတင်၍ ညနေ(၃)နာရီအထိ ဆေးထိုး စုရပ်(၂)ခုတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြိုနယ်ကျန်း မာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ် ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆေးထိုးစုရပ်(၂)ခု ဖြစ်သော သာသနာ့ဗိမ္မာန်နှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင်၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများနှင့် သံဃာတော်များ ၊သာသနာ့ဝန်ထမ်းများ၊ အခြား သတ်မှတ်အုပ်စုဝင် လူပုဂ္ဂိုလ်များကို၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးနေခြင်းဖြစ်ပြီး၊ ယနေ့တွင်လူဦးရေ စုစုပေါင်း(၇၅၅)ဦး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)