Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို လူဦးရေ(၄၇၆၇)ဦး ထိုးနှံပြီးစီး
Sep 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့ကုတင်(၃၀၀)ပြည်သူ့ဆေးရုံကြီးတွင် ကလေးငယ်များအား ကာကွယ်ဆေးများ ဒုတိယပတ် ဒုတိယနေ့ဆက်လက်ထိုးနှံတိုက်ကျွေးပေး
Sep 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက်နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကာကွယ်ဆေးများ ဒုတိယပတ် ဒုတိယနေ့ ဆက်လက်ထိုးနှံတိုက်ကျွေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးကိုရင်လေး၏ ဆောင်ရွက်ဆဲ သာသနာပြုလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စငေါကျေး ရွာအုပ်စု၊ ဟိုတိကျေးရွာရှိ လောကနာထဘုရား ဓမ္မာရုံတွင် သာသနာပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် နိုင်ရေးညှိနှိုင်း အစည်းအဝေးပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွှဲ (၁)နာရီခွဲအချိန်က အဆိုပါ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစားကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 07,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အမျိုး အစားကို ဒုတိယအကြိမ်အဖြစ် ဦးစားပေးအုပ်စု အလိုက် ဆက်လက် ထိုးနှံပေးခြင်းကို မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းကျေးရွာ အ.ထ.က ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ရက်တိုးမြှင့်၍ ဒုတိယအကြိမ်ကာကွယ်ဆေးများ ထိုးနှံပေး
Sep 07,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ သတ်မှတ်နေရာများ၌ ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းကို စက်တင်ဘာ ၉ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်၍ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ်ဘုရာဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများအား ယနေ့ နံနက်(၉) နာရီက ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုပ္ပားတောင် ငဝရေထွက်နှင့်ကြို့ချောင်းရေထွက်များမှ မြို့ရေပေးရေးအတွက်သွယ်ယူသည့် ၁၀လက်မရေပိုက်လိုင်း ချောင်းရေကြောင့်ပြတ်တောက်သွားခဲ့သဖြင့် အမြန်ပြုပ…
Sep 07,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့နေလူထုသောက်သုံးရန်အတွက်၊ ငဝစမ်းရေထွက်နှင့်ကြို့ချောင်း ရေထွက်များမှ ရေသွယ်ယူသည့်၊ ၁၀လက်မ ရေပိုက်လိုင်းမှာ မိုးရွာသွန်းမှုများပြားပြီး ချောင်းရေကျဆင်းမှုကြောင့် ချောင်းရေ တိုက်စား ပြတ်တောက်သွားခဲ့သဖြင့်၊ မြို့နယ်စည်ပင်သာယာရေအဖွဲ့အမှုဆောင်အရာရှိ ဦးချမ်းငြိမ်း၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါလုပ်ငန်းတွင် ကူညီဆောင်ရွက်နေသည့်မြို့မိ မြို့ဖ တစ်ဦးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့၌ ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမဆောင်၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးသူ (၅၁၆) ဦးရှိပြီးဖြစ်
Sep 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင်လ(၃၁)ရက်နေ့မှ ဩဂုတ် လ(၉)ရက်နေ့အထိ (ပထမ) အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးသူများအား ဩဂုတ်လ(၃၀)ရက်နေ့မှစ၍ စက်တင်ဘာလ (၆)ရက်နေ့ အထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား (၉၀)ဦး၊စေတနာ့ဝန်ထမ်း (၇၀)ဦး၊ ဘုန်းကြီး/သီလရှင် (၁၀)ဦး၊ နိုင်ငံ့ဝန်ထမ်း(၉)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၂၄)ဦး၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်း(၂)ဦး ၊ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း(၁၃) ဦး ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း(၂၁)ဦး၊ ဈေးရောင်းသူ (၂၇၇)ဦး၊ စုစုပေါင်း(၅၁၆)ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25685
Page
25686
Page
25687
Page
25688
Current page
25689
Page
25690
Page
25691
Page
25692
Page
25693
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department