ပေါက်တောမြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

 

                        ပေါက်တော  စက်တင်ဘာ  

 

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိသာ သနာဗိမာန်စုရပ်နှင့် ကျေးလက်ကျန်းမာရေးဌာနစုရပ ()နေရာတို့တွင် ယမန်နေ့နံနက်(၁၀)နာရီက စတင်ထိုးနှံပေးသည်။

 

ဒုတိယအကြိမ် ကိုဗစ်ရောဂါကာကွယ် ဆေးဆက်လက်ထိုးနှံပေးခြင်းသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ဝင်း နှင့်အဖွဲ့ဝင်များလာရောက်ကြည့်ရှုကြသည်။ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေး ခြင်းတို့ကိုပြုလုပ် ဆောင်ရွက်ကြပြီး ကာကွယ်ဆေးဆက်လက်ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ ဌာနအသီးသီးမှ ဝန်ထမ်းများ၊မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းပြု လုပ်ပေးကြသည်။ တဆက်တည်းမှာပင် ပေါက်တောမြို့နယ်ရှိ ကျောက်တောင် တိုက်နယ်ဆေးရုံ၊ အလယ်ကျွန်း ကျေးလက်ကျန်းမာရေးဌာန၊ ဆင်တက် မော်ကျေးလက်ကျန်းမာရေးဌာန၊ မြင့်ဂါကျေးလက် ကျန်းမာရေးဌာနများ သို့မြို့  နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက စုရပ်  အသီးသီးသို့သွားရောက်ကြီးကြပ်ခြင်း များကိုဆောင်ရွက်ကြလျက်ကျေးရွာရှိ စေတနာ ဝန်ထမ်းများက လိုအပ်သည်များ ကိုဆောင်ရွက်ခြင်းများပြုလုပ်ပေးကြ သည်။ ပေါက်တောမြို့ပေါ်စုရပ်နှင့်၊ ကျေး လက်ကျန်းမာရေးဌာန()နေရာ တို့တွင် ဆေးထိုးရန်ရောက်ရှိလာကြသည့် သံဃာတော်/ သီလရှင်(၁၂)ပါး၊ အသက်(၆၅) နှစ်အထက်(၃၆၃)ဦး၊၊နိုင်ငံဝန်ထမ်း(၉၂)ဦး၊ ပရဟိတ/Volunteer (၉၈)ဦး၊ပုဂ္ဂလိ ကပို့ဆောင်ရေး လုပ်ငန်း(၃၂)ဦး၊ ဈေးသည်(၅၇)ဦး၊တည်းခိုခန်းဝန်ထမ်း()ဦး၊ နိုင်ငံဝန်ထမ်းမိသားစု(၄၀)ဦးအပါအဝင် စုစုပေါင်း(၆၉၇)ဦး လာရောက်ထိုးနှံကြ သည်ကိုသိရှိရသည်။

 

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးကျော်ဝင်း နှင့်အဖွဲ့ဝင် များက ဆေးထိုးလာကြသော ပြည်သူများအား ဒုတိယအကြိမ်ဆေးထိုးနှံပြီးခဲ့သော်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ရှောင်ရန် ဆောင်ရန်အချက်အလက် များကို အလေးအနက်ထားလိုက်နာပေး စေလိုကြောင်း ပြောကြားပြီး မိမိကအစ ကာကွယ်ကြစေရန်မှာကြားခဲ့ကြောင်းသိ ရှိရသည်။

 

ကျော်သန်း(မြို့နယ်ပြန်/ဆက်)