Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေပြည်သာမြို့နယ်၌ ရွေ့လျားဈေးကားစနစ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်၊ ကုန်ဈေးနှုန်းများ ကျဆင်း စေရန်နှင့် ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားဈေးကားစနစ်ဖြင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ရွှေပြည်သာမြို့နယ်အတွင်းရှိ ထန်းခြောက်ပင် (ပတ္တမြား)ဈေးနှင့် လှော်ကား(နီလာ)ဈေးတို့တွင် ရောင်းချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 08,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ပူးပေါင်းအဖွဲ့က ရွေ့ လျားယာဉ်ဖြင့်အခမဲ့ ကိုဗစ်-၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကတောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှဒေသခံကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေး RDT ( Test Kits ) ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Sep 08,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် တပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး…
Sep 08,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂၀၈)ခြေမြန်တပ်ရင်းမှအရာရှိ၊ အရာခံ၊ စစ်သည်များနှင့် မိသားစုဝင်များ၏ အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီကအမှတ်(၂၀၈)ခြေမြန်တပ်ရင်းခန်းမ၌ ပြုလုပ် ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းနှင့်ကူးစက်ပြန့်ပွားမှု ကျဆင်းလျော့နည်း
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ တတိယလှိုင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာတွင် ရပ်ကွက်/ကျေးရွာပြည်သူများသည် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့ခြင်း၊ အနံ့မရခြင်း၊ ဖျားနာခြင်း လက္ခဏာများ ဖြစ်ပေါ်ခံစားရ၍ မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ကာ RDT Test Kit ဖြင့် ဆေးစစ်မှုကိုခံယူကြပြီး ရောဂါပိုးတွေ့ ( Positive ) လူနာများကို ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံ စိန်ကြည်ဆေးကုသဆောင်တွင် ထားရှိ၍ ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်အနီးကပ်ကြပ်မတ် ကုသပေးလျှက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်မှုအား အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 08,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ လူစည်းကားရာနေရာများတွင် လိုက်လံအသိပညာ ပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ် ၊ ကျိုက္ခမီမြို့ မြမာလာကျေးရွာ၌ အစေးခြစ်ခြင်း သင်တန်းဖွင့်လှစ်
Sep 08,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ မြမာလာကျေးရွာ၌ တောင်သူများမှ ရော်ဘာပင်ကိုစနစ်တကျ အစေးခြစ်တတ်စေရန် ရည်ရွယ်ချက်ဖြင့် အစေးခြစ်ခြင်း သင်တန်းကို ယမန်နေ့နံနက် ( ၉) နာရီက မြမာလာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
(ဒုတိယအကြိမ်)ကာကွယ် ဆေးထိုးနှံနိုင်ရေး ရပ်ကွက်များအလိုက် လိုက်လံနှိုးဆော်ပေးလျက်ရှိ
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် အတွင်းရှိမိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းကိုသြဂုတ်လ (၁)ရက်နေ့မှစတင်ခဲ့ရာ ယခုအခါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းသို့ပြန်လည် ရောက်ရှိလာပြီဖြစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၏လမ်းညွှန်မှုဖြင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များကကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25672
Page
25673
Page
25674
Page
25675
Current page
25676
Page
25677
Page
25678
Page
25679
Page
25680
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department