အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြရာ ပခုက္ကူမြို့နယ်တွင် ကာကွယ်ဆေး နှစ်ကြိမ်လုံးအပြည့်အဝထိုးနှံပြီးသူ တစ်သောင်းကျော် ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။
Sep 08,2021
“လူမှုဘ၀ ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့”​​ ဆောင်ပုဒ်နှင့်အညီ​ဆောင်ရွက်နိုင်​ရေးအတွက် ယ​နေ့နံနက် ၁၀ နာရီက ရန်ကုန်အ​နောက်ပိုင်း ခရိုင်၊ မရမ်းကုန်းမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေး ခန်းမ၌ ပန်းခင်းစီမံချက်ပိုမို​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းအစည်းအ​​ဝေးနှင့် အများပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်​ရေးဗီနိုင်းများ​ပေးအပ်ခြင်း​ အခမ်းအနား ကျင်းပခဲ့သည်။
Sep 08,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ရေမြစ်ကြီးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့ရှိ ဘုန်းကြီး ကျောင်းများနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စုအလိုက် ဆန်၊ ဆီ၊ ကြက်သွန်နီများကို ပြည့်ဖြိုးထွန်း ကုမ္ပဏီ လီမိတက် ကျားကြီးအော် ပုဇွန်မွေးမြူရေး စီမံကိန်းက ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရကျောင်းနှင့် ရွှေတောင်ဦးလယ်တီဝိပဿနာ ဓမ္မရိပ်သာကျောင်းတို့အား သီတင်းသုံးတော် မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၇)ရက်၊ နံနက်ပိုင်းတွင် ရွှေတောင်ဦးတိပိဋက ဓမ္မပါရမဟာဝိဟာရကျောင်းတိုက်ရှိ ဝိနယဓမ္မာရုံတော်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ‘လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့’ ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က လားရှိုးမြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည်။
Sep 08,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ဘက်စုံအဆင့်မြှင့်နည်းပညာသုံးစံပြကျေးရွာ မိုးစပါးဆင်းဧကရီ-၃( RS to CS) မျိုးသန့်ထုတ် စံပြစိုက်ခင်း၌ ဓာတ်မြေသြဇာကို အကျိုးရှိစွာ သုံးစွဲရေး ပညာပေး ကွင်းသရုပ်ပြပွဲနှင့်  ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်မှုလျာ့ကျပြီး ဟင်းသီးဟင်းရွက်စားသုံးမှု ထိခိုက်မှု မရှိစေရန် ရည်ရွယ်၍  ဟင်းသီးဟင်း ရွက်မျိုးစေ့ထုတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက မံဝိန်းကျေးရွာ ကွင်းအမှတ်(၂၈-က) ဦးပိုင်(၃၄)တောင်သူ  ဦးစိန်လွင်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 08,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်နှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံများနှင့် စျေးဝယ် စင်တာများမှ ဝန်ထမ်းများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။