သံဖြူဇရပ်မြို့နယ် ၊ ကျိုက္ခမီမြို့ မြမာလာကျေးရွာ၌ အစေးခြစ်ခြင်း သင်တန်းဖွင့်လှစ်

သံဖြူဇရပ်   စက်တင်ဘာ         ၈

မွန်ပြည်နယ်၊   မော်လမြိုင်ခရိုင်၊     သံဖြူဇရပ်မြို့နယ်၊    ကျိုက္ခမီမြို့    မြမာလာကျေးရွာ၌  တောင်သူများမှ   ရော်ဘာပင်ကိုစနစ်တကျ အစေးခြစ်တတ်စေရန် ရည်ရွယ်ချက်ဖြင့် အစေးခြစ်ခြင်း သင်တန်းကို   ယမန်နေ့နံနက် ( ၉) နာရီက   မြမာလာကျေးရွာ  အုပ်ချုပ်ရေးမှူးရုံး၌  ကျင်းပပြုလုပ် သည်။

အခမ်းအနားတွင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးအရာရှိ ဦးကျင်သန်းကအဖွင့် အမှာစကား ပြောကြားရာတွင်   ယခုဖွင့်လှစ်သော  အစေးခြစ်ခြင်းသင်တန်းသည်     တောင်သူများ အကျိုးရှိစေရန် နည်းပညာများကို ပေးရခြင်းဖြစ်ကြောင်း ၊   အစေးခြစ်ရာတွင် စနစ်တကျခြစ်တတ် စေရန် ရည်ရွယ်လျက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ  အစေးခြစ်ခြင်းသင်တန်းကို  စိုက်ပျိုးရေးဝန်ထမ်းများက ဦးဆောင်ကာ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ကိုဗစ် - ၁၉ လမ်းညွှန်ချက်များနှင့်အညီ   သင်တန်းသားတစ်ဦး ချင်းအလိုက် လိုက်နာရန် စနစ်တကျဆောင်ရွက်ထားရှိပြီး သင်တန်းကို သင်တန်းသား ၊ သင်တန်းသူ  (၂၀) ဦးခန့်တက်ရောက်ကာ စက်တင်ဘာလ(၇ )ရက်နေ့မှ (၉ )ရက်အထိ နေ့စဉ် နံနက် (၁၀)  နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

မြို့နယ်(ပြန်/ဆက်)