ရွှေပြည်သာ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် အတွင်းရှိမိဘပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းကိုသြဂုတ်လ (၁)ရက်နေ့မှစတင်ခဲ့ရာ ယခုအခါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းသို့ပြန်လည် ရောက်ရှိလာပြီဖြစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၏လမ်းညွှန်မှုဖြင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များကကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့ ကြသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ မိဘပြည်သူများအား (၁.၈.၂၀၂၁)ရက်နေ့မှ (၇.၉.၂၀၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းကို ဦးစားပေး အုပ်စုများ အလိုက် (ပထမအကြိမ်)အဖြစ် ထိုးနှံပေးခဲ့ပြီးဖြစ်၍ ယခုအခါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံခြင်း လုပ်ငန်းကို ပြန်လည်စတင်နေပြီဖြစ်၍ မိမိတို့ရပ်ကွက်၊ ကျေးရွာများရှိသက်ဆိုင်ရာစုရပ်များတွင် သတ်မှတ်ထားသည့် နေ့ရက်၊ အချိန်များ အတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံပြီးသူ မိဘပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားနှင့်အတူ မိမိတို့၏မှတ်ပုံတင်ကတ်ပြားများကို တစ်ပါတည်း ယူဆောင်၍ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို မပျက်မကွက်လာရောက်ထိုးနှံကြပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးနှိုးဆော်ခဲ့ကြသည်။
ရွှေပြည်သာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေခြနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာစက်တင်ဘာလ(၇)ရက်နေ့အထိ (ပထမအကြိမ်) ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း (၃၈၂၉၂)ဦးနှင့်(ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပြီး သူပေါင်း(၂၉၉၀)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)