တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ပူးပေါင်းအဖွဲ့က ရွေ့ လျားယာဉ်ဖြင့်အခမဲ့ ကိုဗစ်-၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကတောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှဒေသခံကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေး RDT ( Test Kits ) ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ရွေ့လျားစစ်ဆေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးရာသို့ ကျေးရွာများရှိအနံ့မရှိသူနှင့် ဖျား နာနေသူ (၁၆၉)ဦး လာရောက်စစ်ဆေးမှုခံယူခဲ့ရာ ကျန်းမာရေးဝန်ထမ်းများပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရောဂါပိုးရှိ /မရှိ RDT ( Test Kits ) ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ (၁၃)ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၁၅၆)ဦးမှာရောဂါပိုး မတွေ့ရှိရကြောင်းသိရပြီး ပိုးတွေ့လူနာ(၁၃)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ဆေးဝါးကုသမူခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ကျေးရွာနေပြည်သူများအားရွေ့လျားယာဉ်ဖြင့်ရော ဂါရှာဖွေစစ်ဆေးဆောင်ရွက်ပေးနေမှုအား ယမာန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိ နှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်အားထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအ တွက် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့်ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးလိုသော ပြည်သူ များအနေဖြင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍လာရောက်စစ်ဆေးမှုခံယူနိုင်ကြောင်း မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဆန်းအောင်ထွေး ထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)