အမြို့မြို့အနယ်နယ်သတင်းများ

Sep 08,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်များ၌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 08,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Sep 08,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို စက်တင်ဘာလ ၆  ရက်နေ့က  ကျန်းမာရေးဒေသန္တရဆေးခန်းနှင့် (၂၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 08,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဟိုဂျစ်ကျေးရွာနှင့် လယ်တောကျေးရွာတို့တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံထားသော အသက်(၆၅) နှစ်အထက်နှင့် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူများကို စက်တင်ဘာလ (၄) ရက်နေ့ နံနက်(၉)နာရီမှ စတင်ကာ ထီးချိုင့်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂) ဖွဲ့ခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။
Sep 08,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ  စန္ဒကူးခန်းမတွင် သတ်မှတ် ပေးထားသည့်နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု(ဇာထိုး၊ပန်းထိုး) သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့သည်။ 
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့သို့စေတနာရှင် အလှုရှင်များ စုပေါင်းလှုဒါန်းမှုဖြင့် ကိုယ်ထူ/ကိုယ်ထတည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် Oxygen Plant စက်သည်  ယမန်နေ့ည(၆)နာရီခွဲအချိန်က ကြံခင်းမြို့ မြို့မရပ်ကွက်လမ်းမတော်လမ်းနှင့် မြို့ဦးရပ်ရှိ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရာနေရာသို့ ရောက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့များ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီ အဖွဲ့ဝင်များက စောင့်ကြိုနေရာချစီစဉ်ခဲ့ကြကြောင်း သိရသည်။