ကျိူက်မရော စက်တင်ဘာ ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အမှတ်(၂၀၈)ခြေမြန်တပ်ရင်းမှအရာရှိ၊ အရာခံ၊ စစ်သည်များနှင့် မိသားစုဝင်များ၏ အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီကအမှတ်(၂၀၈)ခြေမြန်တပ်ရင်းခန်းမ၌ ပြုလုပ် ပေးခဲ့သည်။
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးကိုကိုလွင်နှင့်ဝန်ထမ်းများကအသက်၁၈နှစ် ပြည့်ပြီးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနိုင်၃(က)မှနိုင်၆(က)သို့လဲ လှယ်ပေးခြင်းများကိုကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အိမ်ထောင်စု၇၃စုမှ၃(က)၁၇ခု၊ ၆(က)၁၀ခု၊ ပျောက်ဆုံးပျက်စီးသူများအားအသစ်လဲလှယ်ပေးခြင်း၁၈ခု၊ မိတ္တူ၄၆ခု စုစုပေါင်း(၉၁)ခုတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးနိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
မြို့နယ် (ပြန်/ဆက်)