မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်မှုအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

မြဝတီ စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ လူစည်းကားရာနေရာများတွင် လိုက်လံအသိပညာ ပေးနှိုးဆော်ခဲ့သည်။

ထို့သို့ အသိပေးနှိုးဆော်မှုများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန် လည်ရောက်ရှိနိုင်ရေးအတွက် ၃၀.၈.၂၀၂၁ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၁၇၉/၂၀၂၁ဖြင့် ၂၀၂၁ခုနှစ်စက်တင်ဘာလ(၁)ရက်နေ့မှ(၁၀)ရက်နေ့အထိအားတစ်ဆက်တည်းအများပြည်သူအလုပ်ပိတ် ရက်အဖြစ်တိုးမြှင့် သတ်မှတ်ကြေညာခဲ့ပြီး အများပြည်သူ အလုပ်ပိတ်ရက်ကာလ အတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး အတွက်မိမိတို့နေ အိမ်(သို့မဟုတ်) အဆောင်များတွင်သာနေထိုင်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက် များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက်နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်း ဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ် ရာ ကျန်းမာရေး ဌာနများသို့ ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့်အချက်များ ပါဝင်သည်။   

ထို့အပြင် မြဝတီခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် စည်းကမ်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းကို ပိုမိုကာကွယ်နိုင်ရန်အတွက် မြို့အတွင်းရှိ ပြည်သူများအနေဖြင့် ဈေးဝယ်ယူခြင်းများအတွက် နံနက်(၆)နာရီမှ နေ့လည်(၁၂)နာရီအထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး နေ့လည်(၁၂)နာရီ နောက်ပိုင်းတွင် ကျန်းမာရေးကိစ္စများအတွက် နေအိမ်ပြင်ပထွက်ခွာပါက သက်ဆိုင်ရာရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲရုံးမှ ထုတ်ပေးသည့် ပြင်ပထွက်ခွာသွားလာခွင့်ကတ်ပြားဖြင့်သာ သွားလာရမည်ဖြစ်ကြောင်းကိုလည်း အသိပညာပေးနှိုးဆော်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နေ့စဉ်အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)