အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေ ရေးအတွက် အရှိန်အဟုန်မြင့် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 10,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောအုပ်စု အခြေခံပညာမူလတန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများတွင် နေထိုင်သည့် ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ယနေ့၊ နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ထမ်းများကသွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 10,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေ ရေးအတွက် မြို့နယ်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်းရှိ အလုပ်သမားဝန်ထမ်းများရှိရာ စုရပ်များသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ တီဘီရောဂါကုသဆဲ လူနာများ အား Myanmar NGO Network မှ အခြေခံ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လှည်းကူးမြို့နယ် ကြက်ခြေနီ အသင်းခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 10,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြတောင်ကျေးရွာရှိ ကွင်းအမှတ်(၆၄) တောင်သူဦးလင်းအောင်၏ ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံပြစိုက်ကွင်းတွင် ယူရီယား(ပုလဲ) ၁ဆနှင့် နွားချေးဆွေး(သဘာဝမြေဩဇာ) ၃ ဆ ရောစပ်သုံးစွဲပြီး မြေဩဇာထည့်သွင်းခြင်း လုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စက်တင်ဘာ(၉)ရက် မွန်းလွဲ ၂ နာရီတွင်ကျင်းပပြုလုပ်သည်။
Sep 10,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရပ်ရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်က သစ်ပင်၊ သစ်ကိုင်းနှင့် ခြုံနွယ်များရှင်းလင်းခြင်းလုပ်ငန်းများကို လမ်းမကြီးများ၏ လက်ဝဲ၊ လက်ယာတစ်လျှောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 10,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများမှ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ပဲခူး ရပ်ကွက်၌ အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။