အုတ်တွင်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အသိပညာပေး နှိုးဆော်ဆောင်ရွက်

အုတ်တွင်း   စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွား မှုများရှိရာ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်း ချုပ် နိုင် ရေးအတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည် သူ့ ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက အသံချဲ့စက်များဖြင့် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာ များသို့ Mobile Library ဖြင့်လှည့်လည် အသိ ပညာပေး လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေမှာ အရေးကြီးဆုံးကတော့ အတတ်နိုင်ဆုံးမဖြစ်မနေအိမ်တွင်း၌သာ နေထိုင်ကြပါ၊ သို့မှသာကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ ပြည်သူများအနေဖြင့် မိမိတို့အိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့်၊ ထို့အတူမိမိတို့ကလည်း အခြားသူများ ထံသွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့်အပြင် ထွက်ရပါကပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကိုစနစ်တကျတပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ နှာခေါင်းစည်း(Mask) မတပ်ဆင်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပါ၊ လက်ကိုဆေးကြော ခြင်းမပြုဘဲ ပါးစပ်၊နှာခေါင်း ၊ မျက်စေ့ တို့ကိုပွတ်သပ်ခြင်း ၊ကိုင်တွယ် ထိတွေ့ခြင်း မပြုရန် ၊လေဝင် လေထွက် မကောင်းသော အခန်းများ ရှောင်ပါ၊ မိမိတို့ နေအိမ်ပြူတင်း တံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်း ဖြစ်စေ ပါးစပ်နှင့်နှခေါင်းစည်း(Mask)များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်ကပြန်လာပြီးတိုင်းအဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ် ရသေးမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြပါနှင့်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုး၊နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေး ကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးကိုယ်စီ လိုက်နာကြပြီးပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန်၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး သူများလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီလိုက်နာနေထိုင်ကြရန်နှင့် မိဘပြည်သူများ၌ ရောဂါ ပိုးရှိ/မရှိကိုRDT Test Kit ဖြင့် ကျန်းမာရေးဌာနမှ Mobile Swab မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ရပ်ကွက်/ကျေးရွာများထိ အခမဲ့စစ်ဆေးပေးလျက်ရှိရာ စစ်ဆေးခံယူနိုင်သည ရပ်ကွက်/ကျေးရွာများအလိုက် သတ်မှတ်နေရာများသို့သွားရောက်စစ်ဆေးခံယူနိုင်ပါရန် စသည့်အချက်များကို တိုက်တွန်းနှိုးဆော်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခင်ခင်မာ