ဘူးသီးတောင် စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေ ရေးအတွက် အရှိန်အဟုန်မြင့် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မောင်တော- ဘူးသီးတောင်သွားရာလမ်း၊ နတ်ပင်ရင်းခွဆုံ တို့၌ မြို့နယ်စည်ပင်သာယာစျေးသို့ စျေးရောင်း/စျေးဝယ်လာသူများအား( mask )တပ်ဆင်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး(mask) မတပ်ဆင်သူများအား (mask )တပ်ဆင်ပြီးမှ သွားလာကြရန် နှင့် စျေးရောင်း/စျေးဝယ်သူများမှလည်း(mask)တပ်ဆင်ပြီးမှ စျေးရောင်း/စျေးဝယ်ပြုလုပ်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိသည်။
ဘူးသီးတောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီအနေဖြင့် ဌာနဆိုင်ရာ အကြီးအကဲများအားအဖွဲ့(၇)ဖွဲ့ခွဲ၍ ဘူးသီးတောင်-မောင် တောမြို့ဝင်စစ်ဆေးရေးဂိတ်၌ အပူချိန်တိုင်းတာခြင်း၊( Mask) တပ်ဆင် မှုရှိ /မရှိစစ်ဆေးခြင်းတို့ ကို နံနက် (၈)နာရီမှ ညနေ (၄) နာရီထိ နေ့စဉ်ပုံမှန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိ ရသည်။
လှကျော်(ပြန်/ဆက်)