အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို သြဂုတ်လ ၁၄ ရက်နေ့ မှ စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကာလိမြို့ရုံး နံရံကပ်စာစောင် ပြဘုတ်များ ဖြင့် ခင်းကျင်းပြသထားလျက်ရှိသည်။
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်နှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် အမာမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
Aug 14,2020
အများပြည်သူတို့ စာပေကို လွယ်လင့်တကူငှားရမ်း ဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယနေ့ မွန်းလွဲ ၁ နာရီက လင်းခေးခရိုင်နှင့် မြို့နယ် မီးသတ် တပ်ဖွဲ့ရုံးသို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာကြည့်တိုက် အသင်းဝင်များ တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၂၅၂၉၉ စုအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 14,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင်ငွေ-၂၀၀၀၀နှုန်းထောက်ပံ့ပေးအပ်မှုကို ယနေ့ နံနက်(၁၁) နာရီက စတင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ကြီးကြပ်၍ ရပ်ကွက်၊ ကျေးရွာများ အထိသွား ရောက် ထောက်ပံပေးအပ်ခဲ့ကြောင်းသိရသည်။
Aug 14,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ တောင်ယမားဆည်ရေသောက်စနစ် ဧရိယာ အတွင်းရှိ တိုက်ရိုက်ရေပေးမြောင်းများ ပြုပြင်ခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ ကာလ စီးပွားရေး ထိခိုက်မှု အပေါ်ပြန်လည်ကုစားမှုအစီအစဉ်အရ Cash For Work စီမံကိန်းမှ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ရက်တွင် ခရိုင်ဆည်မြောင်းနှင့် ရေ အသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးမျိုးနိုင်နှင့် တာဝန်ရှိ သူများ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။