Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တီးတိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ
Sep 10,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက် လျက်ရှိရာ(၈၀)ရာခိုင်နှုန်းကျော်ပြီးစီးပြီး စက်ပစ္စည်းများ ရောက်ရှိ
Sep 10,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးတွင် ရောဂါပိုးတွေ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများခံယူနေသူများ အောက်ဆီဂျင်လိုအပ်ချက်များအတွက်နှင့် ကျန်သည့်ကျန်းမာရေးစောင့်ရှောက် မှုများအတွက် လိုအပ်မှုများကို အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်း ချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ၊ ပရဟိတအဖွဲ့များက ဦးဆောင်ကာ အလှူရှင်များ၏ စုပေါင်းအလှူ ငွေများဖြင့် အောက်ဆီဂျင်စက်ရုံကို ဖြူးမြို့ကုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံဝင်းအတွင်း မြေနေရာလွတ်တွင် တည်ဆောက်လျက်ရှိ ရာ (၈၀)ရာခိုင် နှုန်းကျော်ပြီးစီးပြီး စက်ပစ္စည်းများ ယနေ့ နံနက်ပိုင်းက ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာငွေ အရသုံးလျာထားချက် အကောင်အထည် ဖော်နိုင်မှုနှင့် ဘဏ္ဍာရေးနှစ်အလွန်အသုံးစရိတ်များ တင်ပြခြင်း လုပ်ငန်းညှိနှို…
Sep 10,2021
မွန်ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာငွေ အရသုံးလျာထားချက်အပေါ် အောက်တိုဘာလမှ ဩဂုတ်လအထိ အကောင်အထည် ဖော်နိုင်မှုနှင့် ဘဏ္ဍာရေးနှစ်အလွန် အသုံးစရိတ်များတင်ပြခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်၁၀နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပြီးသတ်ထိုးနှံပေး
Sep 10,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့က အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အပြီးသတ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများမှ စားဝတ်နေရေးခက်ခဲသော မိသားစုများကို စားသောက်ကုန်များ လှူဒါန်း
Sep 10,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများထဲမှ စားဝတ်နေရေးခက်ခဲနေသော မိသားစုများကို အလှူရှင်များကိုယ်စား ဖြူစင်မေတ္တာပရဟိတအသင်းမှ ဦးဆောင်၍ ယမန်နေ့က စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူ - မင်းဘူးသွားကားလမ်းတွင် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား
Sep 10,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ ည ၈ နာရီဝန်းကျင်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူ - မင်းဘူးသွားကားလမ်းတွင် သစ်ပင်များ လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပေါင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 10,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပေါင်မြို့နယ် ကျွဲခြံကျေးရွာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့ထုတ် စပါးစိုက်ခင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေများ၊ ရေငန် တားတံမန်ဆောင်ရွက်မှုအခြေအနေများနှင့် ဒီရေတောစိုက်ထားမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၅၉)ဦးအား လူမှုရေးပင်စင်ထောက်ပံ့
Sep 10,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို စက်တင်ဘာလ ၉ ရက်နေ့က ရပ်ကွက်နှင့် ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25653
Page
25654
Page
25655
Page
25656
Current page
25657
Page
25658
Page
25659
Page
25660
Page
25661
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department