မြစ်ကြီးနား စက်တင်ဘာ ၁၄
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့မင်းရပ်ဗဟိုဗလီ၌ အကျိုးဆောင်မွတ်စလင် လူငယ်ပရဟိတအသင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း နှင့် IDPs စခန်းများသို့ ရိက္ခာခြောက်များ သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးမျာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ မင်းရပ်ဗဟို ဗလီ၌ ဘာသာရေးခေါင်းဆောင်များ၊ အကျိုးဆောင်မွတ်စလင်လူငယ်ပရဟိတအသင်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်အတွက် မှတ်တမ်းတင်ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်သည့်ပံ့ပိုးကူညီမှုများကို အဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အသင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန် IDPs စခန်း၌ နေရပ်စွန့်ခွာ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအား ပေးစကားများ ပြောကြားခဲ့ကာ စခန်းနေမိသားစု များအတွက် နေထိုင်စားသောက်မှု အထောက်အကူဖြစ်စေရေး ခေါက်ဆွဲခြောက်ဖာများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ထိုမှတစ်ဆင့် ဂျာမိုင်ကောင်း IDPs စခန်းသို့ ဆက်လက်သွားရောက်ခဲ့ ပြီး စခန်းနေမိသားစုများအား အားပေးစကား များပြောကြားခဲ့ကာ စခန်းအတွက် ခေါက်ဆွဲ ခြောက်ဖာများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စခန်းအတွင်းရှိ ပြည်သူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး၊ အမျိုးသားမှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယားရရှိရေးတို့ကို ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်