ပွင့်ဖြူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရမည့် ဦးရေမှာ ၆၀၉၂ ဦးရှိပြီး ဩဂုတ် (၂၉)ရက်နေ့မှ စက်တင်ဘာ(၁၀)ရက်နေ့အထိ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေး အုပ်စုအလိုက် ထိုးနှံဆောင်ရွက်ပေးခဲ့ရာ ကာကွယ်ဆေးလာရောက် ထိုးနှံသူဦးရေ စုစုပေါင်း (၅၃၈၉)ဦး လာရောက်ထိုးနှံခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ ၇၀၃ ဦး ရှိကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးရာ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၅၄၄၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)