ပန်နန်းဒင်မြို့အဝင်ရှိ နမ့်တမိုင်ချောင်းထိပ်တွင် ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိ

 

ပန်နန်းဒင် စက်တင်ဘာ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့အဝင်ရှိ နမ့်တမိုင်ချောင်း ထိပ်တွင် ပန်နန်းဒင်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းဦးဆောင်မှုဖြင့် ကျန်းမာရေးပူးပေါင်း စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ နေ့စဉ်ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်နန်းဒင်မြို့ စုပေါင်းကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်ဖွင့် လှစ်ခဲ့ပြီး ပန်နန်းဒင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ရေးအတွက်ရည်ရွယ်ကာ ခရီးသွား ပြည်သူများအား အပူချိန်တိုင်းတာမှုပေးခြင်း၊ ခရီးသွားရာဇဝင်များ စစ်ဆေးခြင်းကို နေ့စဉ် နံနက် (၈) နာရီမှ ညနေ(၆)နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်ကာ နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ ခရီးသွားရာဇ ဝင်စစ်ဆေးမှု အဝင်/အထွက် (၂၀၀)ကျော်ခန့်ရှိပြီဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ သံသယ လူနာများ မရှိသေးပါကြောင်း မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။

 

ပန်နန်းဒင်(ပြန်၊ဆက်)