ပခုက္ကူ စက်တင်ဘာ ၁၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးက “ပန်းခင်း”စီမံချက်ဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင် ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းတစ်ရာကျော် ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။
“ပန်းခင်း”စီမံချက်ဖြင့် ပခုက္ကူမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ဒေသခံပြည်သူများ၏ အိမ်ထောင် စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင် ရာမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ မေလ ၃ရက်နေ့မှစတင်ကာ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြပြီး စက်တင် ဘာလ၁၃ရက်နေ့အထိ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြား အမျိုသားနိုင်ငံသားစိစစ်ရေးကတ်ပြား ၈၉ ကတ်၊ အမျိုသမီး နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၀ကတ်၊ အသက် ၁၈ နှစ်အထက် အမျိုးသားနိုင်ငံသားစိစစ်ရေးကတ်ပြား ၈၃ ကတ်၊ အမျိုသမီး နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀၄ ကတ်၊ အမျိုးသားနိုင်ငံသားစိစစ်ရေးကတ်ပြား(လဲလှယ်) ၁၃၄ ကတ်၊ အမျိုသမီးနိုင်ငံသား စိစစ်ရေးကတ်ပြား(လဲလှယ်) ၁၈၅ကတ်၊ ပျောက်ဆုံး၊ပျက်စီးသည့် အမျိုးသားနိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ) ၂၁၈ ကတ်၊ အမျိုသမီးနိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ) ၁၇၀ကတ်၊ တရားဝင်အိမ်ထောင်စုလူဦးရေစာရင်း (၁၂၀) ခု၊ M တံဆိပ်ပါ တရားဝင်ရွှေ့ပြောင်းနေထိုင်ခွင့်ရအိမ်ထောင်စုလူဦးရေစာရင်း (၁၅) ခု၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀၄၇ ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ၁၃၅ ခုတို့ကို စိစစ်ဆောင်ရွက်ပြီးစီးသောကြောင့် သက်ဆိုင်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များထံပေးအပ်ပြီးဖြစ်ကြောင်း၊ စီမံချက်ကာလအတွင်းဆောင်ရွက်မည့်နိုင်ငံသားစိစစ်ရေးကတ်ပြားအရေအတွက်၁၆၈၅၈ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း ၅၈၃ ခုဖြစ်ရာ ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်း များကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလအထိ အပြီးသတ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ပခုက္ကူမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသူ ၂၈၇၇၉၂ ဦးရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်မှူး ဦးအောင်မျိုးထွန်းက ပြောသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုးထုတ်ပေးရေး “ပန်းခင်း”စီမံချက်လုပ်ငန်း မှာ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ မည်သည့်ကတ်အမျိုးအစားမျှကိုင်ဆောင်ထားခြင်းမရှိသူများ၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရန် ကျန်ရှိသူများ၊ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ၂၀၂၂ခုနှစ်၊ဧပြီလ ၁ရက်နေ့အတွင်း တိုးလာမည့် အသက်(၁၈)နှစ်နှင့်အထက်ရှိသူများကို အိမ်ထောင်စုစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်ခွင့်ရရှိနိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)