ငပုတော စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားအင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက္ကယ်ချောင်း ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား အသက် ၁၀ နှစ်အထက် ၂၂ ဦး ၊ အသက် ၁၈ နှစ် အထက် ၂၂ ဦး၊ အသစ်လဲလှယ် ၁၃ ဦး၊ မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် မိတ္တူထုတ်ပေးသူ ၄၉ ဦးနှင့် အိမ်ထောင်စု ၅၅ စုသို့ အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)