ကျုံကူးကျေးရွာတွင် အုပ်ချုပ်ရေးမှူး ၊ စာရေး ၊အထောက်အကူပြုအဖွဲ့နှင့် မြို့အဆင့်ဌာနဆိုင်ရာ များတွေ့ဆုံပွဲကျင်းပ

ဟိုင်းကြီးကျွန်း   စက်တင်ဘာ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ ကျုံကူးတိုက်နယ်အုစ်စု ကျုံကူး ကျေးရွာတွင် မြို့အုပ်ချုပ်ရေးမှူး စာရေး အထောက်အကူပြုအဖွဲ့ နှင့် မြို့အဆင့်ဌာနဆိုင်ရာ များတွေ့ဆုံပွဲကို ယမန်နေ့ နေ့လည်က ကျုံကူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့သည်။ တွေ့ဆုံပွဲတွင် ပြန်/ဆက်ဦးစီးဌာန မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များတက်ရောက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိစ္စရပ်များ၊ လုံခြုံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ကျေးရွာနေပြည်သူများ သိရှိစေရန်အရှိန် အဟုန်မြှင့် နှိုးဆော်တိုက်တွန်းပေးရန်၊ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများလည်း ကာကွယ်ဆေးထိုးရန်၊ ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့်ညွှန်ကြားချက်များကို လိုက်နာရန်ပြောကြားခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းမှ အထောက်အကူပြုအဖွဲ့ အား PPE ဝတ်စုံနှင့် Vitamin D3 ဆေးရည်များ လှူဒါန်းခဲ့ပါသည်။

 

နွေးနွေးအောင်