ကျောက်ဆည်မြို့နယ် သင်ပုတ်ကျေးရွာတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့်အချက်များ သိရှိစေရေး အသိပညာပေးနှိုးဆော်

ကျောက်ဆည်  စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သင်ပုတ်ကျေးရွာတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ သင်ပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးသံချောင်းနှင့် ကျေးရွာလူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ ကျေးရွာအတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်း ချုပ်ရေးအတွက် နေအိမ်တွင်သာနေထိုင်ကြရန်၊  ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိ တို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင် ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ရန်၊ ၊လက်ကိုဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊  ကိုဗစ်-၁၉ရောဂါကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်  အသိပညာပေး နှိုးဆော်ခြင်းများကို သင်ပုတ်ကျေးရွာအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာကွယ်ဆေးများကို မြို့တော် ခန်းမ၌ နံနက်၉နာရီခွဲမှညနေ ၃ နာရီ အထိ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသား(၃၆၄)ဦး၊ အမျိုးသမီး(၂၈၆)ဦး စုစုပေါင်း(၆၄၀)ဦးနှင့် ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား(၃၁၂)ဦး၊ အမျိုးသမီး (၂၃၅)ဦး၊ စုစုပေါင်း (၅၄၇)ဦး၊ သေဆုံးသူ အမျိုးသား(၄၉)ဦး၊ အမျိုးသမီး(၄၅)ဦး၊ စုစုပေါင်း(၉၄)ဦးနှင့် ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသူ အမျိုးသား(၃)ဦး ၊အမျိုးသမီး (၆)ဦး စုစုပေါင်း(၉)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ သိရသည်။

သက်မောင်(ကျောက်ဆည်)