ကျောက်ဆည်မြို့နယ်တွင် VCD/DVD ငှားရမ်းဖြန့်ချီရေး လုပ်ငန်းဆိုင်များအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး

ကျောက်ဆည် စက်တင်ဘာ ၁၄ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လုပ်ငန်းလိုင်စင်ခွင့်ပြုချက်အရ၊ ခွင့်ပြုထားသော စင်တင်တေးဂီတ၊ KTVနှင့် VCD/DVD ငှားရမ်းဖြန့်ချီရေးလုပ်ငန်းဆိုင်များအား ကိုဗစ်-၁၉ ကာလတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ယမန်နေ့ညနေ (၄) နာရီက မြို့နယ် ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

ထိုသို့ ကွင်းဆင်စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း ဦးဆောင်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ဗွီဒီယိုအခြေခံအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် KING(KTV)၊ ကံဦးရပ်ကွက်မှ သူရဲကောင်း VCD/DVD ငှားရမ်း ဖြန့်ချီရေးလုပ်ငန်းဆိုင်နှင့် ပြည်လုံးနိုင်ရပ်ကွက်မှ ရွှေရတီ စားသောက်ဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

ကျောက်ဆည်မြို့နယ်တွင် VCD/DVD ငှားရမ်းဖြန့်ချီရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်(၇)ဆိုင်၊ စင်တင်တေးဂီတနှင့် KTV ဆိုင်(၈)ဆိုင်ရှိကြောင်း မြို့နယ်ဗွီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှ သိရှိရသည်။ 

သက်မောင်(ကျောက်ဆည်)